ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 24:8-14 Common Language Bible (BCL)

8. သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။-

9. သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​စစ်​မှု​ထမ်း နိုင်​သူ​လူ​ပေါင်း​ရှစ်​သိန်း​နှင့် ယု​ဒ​ပြည်​တွင် ငါး​သိန်း​ရှိ​ကြောင်း​မင်း​ကြီး​အား​အ​စီ​ရင် ခံ​ကြ​၏။

10. သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။

11-12. ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-

13. ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။

14. ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 24