ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 24:3-8 Common Language Bible (BCL)

3. သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-

4. သို့​သော်​လည်း​အ​ရှင်​မင်း​ကြီး​သည်​ယွာ​ဘ နှင့်​တပ်​မှူး​တို့​အား မိ​မိ​၏​အ​မိန့်​အ​တိုင်း လိုက်​နာ​စေ​တော်​မူ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက် ယူ​ရန်​အ​ထံ​တော်​မှ​ထွက်​သွား​ကြ​၏။

5. သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-

6. ထို​မှ​တစ်​ဖန်​ဂိ​လဒ်​ပြည်​နှင့်​ဟိတ္တိ​နယ်​ကာ ဒေ​ရှ​မြို့​သို့​လည်း​ကောင်း​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​၏။ ထို​နောက်​ဒန်​မြို့​နှင့်​ဇိ​ဒုန်​မြို့​တစ် ဝိုက်​သို့​သွား​ကြ​၏။-

7. ထို​နောက်​ရဲ​တိုက်​ရှိ​ရာ​တု​ရု​မြို့​သို့​သွား ပြီး​လျှင် ဟိ​ဝိ​အ​မျိုး​သား​များ​နှင့်​ကာ​န​နိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​မြို့​အ​ပေါင်း​သို့ လည်း​ကောင်း၊ နောက်​ဆုံး​၌​ယု​ဒ​ပြည်​တောင် ပိုင်း​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​သို့​လည်း​ကောင်း​သွား ရောက်​ကြ​လေ​သည်။-

8. သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 24