ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 23:1-10 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။

2. ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။

3. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊

4. မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက်အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏''

5. ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

6. သို့​ရာ​တွင်​ဘု​ရား​မဲ့​သူ​တို့​မူ​ကား​ဖယ် ရှား​ခြင်း​ကို ခံ​ရ​သည့်​ဆူး​ပင်​များ​နှင့်​တူ​ကြ​၏။ထို​ဆူး​ပင်​တို့​ကို​အ​ဘယ်​သူ​မျှ​လက်​နှင့် မ​ကိုင်​မ​တွယ်​နိုင်။

7. ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

8. ဒါ​ဝိဒ်​၏​သူ​ရဲ​ကောင်း​တို့​၏​နာ​မည်​များ​ကို ဖော်​ပြ​အံ့။ ပ​ထ​မ​သူ​ရဲ​ကောင်း​မှာ​ဟ​ပေါ​နိ မြို့​သား၊ သူ​ရဲ​ကောင်း​သုံး​ဦး​တို့​၏​ခေါင်း​ဆောင် ယာ​ရှော​ဘံ​ဘက်​ရှိ​ဗက်​ဖြစ်​သည်။ သူ​သည်​တိုက် ပွဲ​တစ်​ခု​တည်း​၌​လူ​ရှစ်​ရာ​ကို​မိ​မိ​၏​လှံ​ဖြင့် ထိုး​သတ်​ခဲ့​သူ​ဖြစ်​၏။

9. သူ​ရဲ​ကောင်း​သုံး​ဦး​တို့​အ​နက်​ဒု​တိ​ယ​သူ​ရဲ ကောင်း​မှာ​အာ​ဟော​၏​သား​ချင်း​စု​ဝင်​ဒေါ​ဒေါ ၏​သား၊ ဧ​လာ​ဇာ​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က ဧ​လာ​ဇာ​သည်​စစ်​ဆင်​ရန်​စု​ရုံး​လျက်​ရှိ​သော ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဒါ​ဝိဒ်​နှင့်​တ​ကွ စိန်​ခေါ်​ခဲ့​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဆုတ်​ခွာ​ကြ​သော်​လည်း၊-

10. သူ​သည်​မ​ဆုတ်​ခွာ​ဘဲ​လက်​အံ​သေ​၍​ဋ္ဌား ကို​လက်​နှင့်​ခွာ​မ​ရ​သည့်​တိုင်​အောင် ဖိ​လိတ္တိ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။ ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး ကို​ခံ​စေ​တော်​မူ​သ​ဖြင့်​တိုက်​ပွဲ​ပြီး​ဆုံး သွား​သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျ​ဆုံး​သည့်​သူ​များ​ထံ​မှ​လက် နက်​တန်​ဆာ​များ​ကို​သိမ်း​ယူ​ရန်​ဧ​လာ ဇာ​ရှိ​ရာ​သို့​လာ​ရောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 23