40. ကိုယ်တော်ရှင်သည်အကျွန်ုပ်အားစစ်ပွဲဝင်နိုင်ရန် ခွန်အားကိုပေးတော်မူပါ၏။ရန်သူများအပေါ်တွင်အောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
41. ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
42. သူတို့သည်ကယ်မည့်သူကိုရှာသော်လည်း ကယ်မည့်သူမရှိပါ။ထာဝရဘုရားအားအော်ဟစ်ကြသော်လည်း ထူးတော်မမူပါ။
43. အကျွန်ုပ်သည်သူတို့အားချေမှုန်းသဖြင့် သူတို့သည် မြေမှုန့်ကဲ့သို့ညက်ညက်ကြေကြပါ၏။လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့သူတို့အား အကျွန်ုပ်နင်းပါ၏။
44. ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။
45. လူမျိုးခြားတို့သည်အကျွန်ုပ်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။သူတို့သည်အကျွန်ုပ်၏အမိန့်ကိုကြားသော အခါ နာခံကြပါ၏။
46. သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲ မိမိတို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
47. ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။တန်ခိုးကြီး၍ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်သည်ကြီးမြတ်တော်မူကြောင်း ကြွေးကြော်ကြလော့။
48. ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
49. ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။
50. သို့ဖြစ်၍အကျွန်ုပ်သည်လူမျိုးတကာတို့ရှေ့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုသီချင်းဆို ပါမည်။
51. ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။