အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 22 Common Language Bible (BCL)

ဒါ​ဝိဒ်​၏​အောင်​ပွဲ​သီ​ချင်း

1. ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။

2. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ကယ်​တင်​ရှင် ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။

3. ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကိုကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။

4. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည်ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

5. သေ​မင်း​၏​လှိုင်း​တံ​ပိုး​များ​သည်​ငါ့​ကို​ဝိုင်း​ရံ လျက်​ရှိ​၏။ဆုံး​ပါး​ပျက်​စီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏ အ​ပေါ်​သို့ လွှမ်း​မိုး​၍​လာ​ကြ​၏။

6. မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။

7. ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။

8. ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။

9. နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့်မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။

10. ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကိုကွေး​ညွှတ်​စေ​ပြီး​လျှင်​ဆင်း​သက်​ကြွ​လာ တော်​မူ​၏။ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။

11. ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်​လေ​ပြင်း အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။

12. ကိုယ်​တော်​သည်​မှောင်​မိုက်​တည်း​ဟူ​သော ရေ​ခိုး​ရေ​ငွေ့​အ​ပြည့်​ပါ​ရှိ​သည့်ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ကို​ပတ်​လည်​တော်​၌ ကာ​ရံ​စေ​တော်​မူ​၏။

13. ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။

14. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။

15. ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက်ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။

17. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။

18. ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။

19. ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

20. ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။

21. ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဆု​လာဘ်​များ ချ​ပေး​တော်​မူ​၏။ငါ​သည်​အ​ပြစ်​ကင်း​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

22. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခဲ့​ပါ​၏။ငါ​၏​ဘု​ရား​သ​ခင်​ကို​ကျော​မ​ခိုင်း​ခဲ့​ပါ။

23. ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။

24. ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

25. ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။

26. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။

27. စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။

28. ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။

29. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။

30. ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။

31. ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။

32. ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။

33. ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။

34. ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။

35. အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။

36. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။

37. ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။

38. အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက်သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။

39. အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။

40. ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။

41. ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။

42. သူ​တို့​သည်​ကယ်​မည့်​သူ​ကို​ရှာ​သော်​လည်း ကယ်​မည့်​သူ​မ​ရှိ​ပါ။ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​သော်​လည်း ထူး​တော်​မ​မူ​ပါ။

43. အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။

44. ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ပုန်​ကန်​သော ပြည်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​၍လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​ပါ​၏။အ​ကျွန်ုပ်​မ​သိ​ဘူး​သော​လူ​မျိုး​တို့​သည်​ယခု​အ​ခါ​၌ အ​ကျွန်ုပ်​ထံ​အ​ခွန်​ဆက်​ရ​ကြ​ပါ​၏။

45. လူ​မျိုး​ခြား​တို့​သည်​အ​ကျွန်ုပ်​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။သူ​တို့​သည်​အ​ကျွန်ုပ်​၏​အ​မိန့်​ကို​ကြား​သော အ​ခါ နာ​ခံ​ကြ​ပါ​၏။

46. သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။

47. ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။တန်​ခိုး​ကြီး​၍​ငါ့​ကို​ကယ်​တင်​တော်​မူ​သောဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း ကြွေး​ကြော်​ကြ​လော့။

48. ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊

49. ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်အ​ကျွန်ုပ်​အား​ရန်​သူ​များ​ကို​အောင်​မြင်​ခွင့် ပေး​တော်​မူ​၍အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။

50. သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​လူ​မျိုး​တ​ကာ​တို့​ရှေ့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို ပါ​မည်။

51. ဘု​ရား​သ​ခင်​သည်​မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော ဒါ​ဝိဒ်​မင်း​မှ​စ​၍​အ​ဆက်​အ​နွယ်​တို့​အား၊ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ပြ​တော်​မူ​၏။