ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 21:1-9 Common Language Bible (BCL)

1. ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-

2. (ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)

3. ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊

4. ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊

5. ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။-

6. သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

7. ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-

8. အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။-

9. ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 21