ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 2:1-18-19 Common Language Bible (BCL)

1. ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-

2. ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-

3. သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-

4. ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-

5. ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

6. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-

7. သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။

8. ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-

9. သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

10. ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-

11. ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။

12. အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။-

13. ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။-

14. အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။

15. သို့​ဖြစ်​၍​ဣ​ရှ​ဗော​ရှက်​နှင့်​ဗင်္ယာ​မိန်​လူ​မျိုး​စု​ကို ကိုယ်​စား​ပြု​သူ​လူ​တစ်​ဆယ့်​နှစ်​ယောက်​တို့​သည် ဒါ​ဝိဒ်​၏​လူ​တစ်​ဆယ့်​နှစ်​ယောက်​နှင့်​စစ်​က​စား ကြ​၏။-

16. လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။

17. ထို​နောက်​ပြင်း​ထန်​သော​စစ်​ပွဲ​ဖြစ်​ပွား​၍​အာ​ဗ​နာ နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​၏​လူ​တို့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​သည်။-

18-19. ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 2