ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 19:27-40 Common Language Bible (BCL)

27. သူ​သည်​အ​ကျွန်ုပ်​အ​ကြောင်း​ကို​လည်း​မင်း ကြီး​အား​လိမ်​လည်​လျှောက်​ထား​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့​ဖြစ်​သ​ဖြင့် မိ​မိ​မှန်​ကန် သည်​ဟု​အရှင်​ထင်​မြင်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​၏။-

28. အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။

29. မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

30. မေ​ဖိ​ဗော​ရှက်​က​လည်း``အား​လုံး​သူ့​ကို​ပင် ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​ကောင်း​မွန် ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​ခြင်း​နှင့်​ပင် လျှင်​အ​ကျွန်ုပ်​ကျေ​နပ်​လျက်​နေ​ပါ​၏'' ဟု လျှောက်​၏။

31. ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သည်​လည်း​မင်း ကြီး​အား ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ပို့​ဆောင် ရန်​ရော​ဂေ​လိမ်​မြို့​မှ​လာ​၏။-

32. ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-

33. မင်း​ကြီး​က​သူ့​အား``ငါ​နှင့်​အ​တူ​ယေ​ရု ရှ​လင်​မြို့​သို့​လိုက်​ခဲ့​လော့။ သင့်​အား​ငါ ကြည့်​ရှု​စောင့်​ရှောက်​မည်'' ဟု​ဆို​၏။

34. သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။-

35. အ​ကျွန်ုပ်​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ အ​ဘယ်​အ​မှု​တွင်​မျှ​ပျော်​မွေ့​နှစ်​သက် ခြင်း​မ​ရှိ​တော့​ပါ။ စား​သောက်​သည့်​အ​စား အ​စာ​၏​အ​ရ​သာ​ကို​လည်း​မ​သိ​နိုင်​တော့ ပါ။ သီ​ချင်း​သံ​ကို​လည်း​မ​ကြား​နိုင်​ပါ။ အ ကျွန်ုပ်​သည်​အ​ရှင်​မင်းကြီး​အ​တွက်​ဝန်​လေး မည်​သာ​ဖြစ်​ပါ​၏။-

36. ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။-

37. မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။

38. မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။-

39. ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။

40. မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 19