ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 19:1-11 Common Language Bible (BCL)

1. ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-

2. မင်း​ကြီး​သည်​သား​တော်​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​၏​တပ်​သား​အ​ပေါင်း​တို့​အ​ဖို့ ထို​နေ့​၌​အောင်​ပွဲ​သည်​ဝမ်း​နည်း​ပူ​ဆွေး​ပွဲ ဖြစ်​ရ​လေ​၏။-

3. တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-

4. မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။

5. ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။-

6. အ​ရှင်​သည်​မိ​မိ​အား​ချစ်​မြတ်​နိုး​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရှင့်​အား​မုန်း​သူ​တို့​ကို ထောက်​ခံ​အား​ပေး​တော်​မူ​ပြီ။ မိ​မိ​၏​တပ်​မှူး များ​နှင့်​တပ်​သား​များ​အား​မည်​သို့​မျှ​ပ​မာ​ဏ မ​ပြု​ကြောင်း​ထင်​ရှား​စေ​တော်​မူ​ပြီ။ ယ​ခု အ​ခါ​၌​အ​ကျွန်ုပ်​တို့​အား​လုံး​သေ​၍​အ​ဗ ရှ​လုံ​အ​သက်​ရှင်​လျက်​နေ​မည်​ဆို​ပါ​မူ အ​ရှင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​မည် ဖြစ်​ကြောင်း​အ​ကျွန်ုပ်​သိ​မြင်​နိုင်​ပါ​၏။-

7. ယ​ခု​အ​ရှင်​ကြွ​တော်​မူ​၍​အ​ရှင်​၏​လူ​တို့ အား​မေတ္တာ​စ​ကား​ကို​မိန့်​တော်​မူ​ပါ။ ထို​သို့ အရှင်​ပြု​တော်​မ​မူ​ပါ​လျှင်​နက်​ဖြန်​နံ​နက် ၌​ထို​သူ​တို့​အ​နက်​တစ်​ဦး​တစ်​ယောက်​မျှ အ​ရှင်​နှင့်​အ​တူ​ရှိ​နေ​တော့​မည်​မ​ဟုတ် သ​ဖြင့် အ​ရှင့်​တစ်​သက်​တွင်​အ​ဆိုး​ရွား ဆုံး​သော​ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ကြုံ​ရ​မည် ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​လျှောက်​လေ​၏။-

8. ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ထွက်​ပြေး​ကြ​၏။-

9. တစ်​ပြည်​လုံး​တွင်​လူ​တို့​က``ဒါ​ဝိဒ်​မင်း​သည် ငါ​တို့​ကို​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ သူ​သည်​ငါ​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​အ​ဗ​ရှ​လုံ​အ​တွက်​ကြောင့်​တိုင်း ပြည်​ကို​စွန့်​ခွာ​သွား​လေ​ပြီ။-

10. ငါ​တို့​သည်​အ​ဗ​ရှ​လုံ​အား​ငါ​တို့​၏​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​ခဲ့​ကြ​သော်​လည်း သူ​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သွား​လေ​ပြီ။ ထို့​ကြောင့် ဒါ​ဝိဒ်​မင်း​အား​ပြန်​လည်​ခေါ်​ဆောင်​ရန် အ​ဘယ်​ကြောင့် ငါ​တို့​မ​ကြံ​စည်​ဘဲ​နေ​ကြ ပါ​သ​နည်း'' ဟူ​၍​အ​ချင်း​ချင်း​ငြင်း​ခုံ ပြော​ဆို​ကြ​၏။

11. ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 19