ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 18:6-24 Common Language Bible (BCL)

6. ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-

7. ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-

8. တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။

9. အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-

10. ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။

11. ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။

12. သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-

13. သို့​ပါ​လျက်​အကျွန်ုပ်​သည်​မင်း​ကြီး​၏ အ​မိန့်​တော်​ကို​နား​မ​ထောင်​ဘဲ အ​ဗ​ရှ​လုံ အား​သတ်​မည်​ဆို​ပါ​က​မင်း​ကြီး​မ​ကြား မ​သိ​သည့်​အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သ​ဖြင့် ထို​အ​ကြောင်း​ကို​ကြား​သိ တော်​မူ​မည်​သာ​ဖြစ်​ပါ​၏။ ထို​အ​ခါ​အ​ရှင် သည်​အ​ကျွန်ုပ်​ဘက်​၌​နေ​၍​ကာ​ကွယ်​ပြော ဆို​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော​လေ​၏။

14. ယွာ​ဘ​က``ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ'' ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။-

15. ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။

16. ယွာ​ဘ​သည်​အ​တိုက်​အ​ခိုက်​ရပ်​စဲ​စေ​ရန် တံ​ပိုး​ခ​ရာ​ကို​မှုတ်​စေ​၏။ ထို​အ​ခါ​သူ ၏​တပ်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ရာ​မှ​ပြန် လာ​ကြ​၏။-

17. သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။

18. အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။

19. ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။

20. ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-

21. ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။

22. အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။

23. အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။ယွာ​ဘ​က``ဤ​သို့​ဖြစ်​ပါ​မူ​သင်​သွား​လော့'' ဟု​ဆို​သ​ဖြင့်​အ​ဟိ​မတ်​သည်​ယော်​ဒန်​မြစ် ချိုင့်​ဝှမ်း​လမ်း​ဖြင့်​ပြေး​သွား​ရာ ကု​ရှိ​အ​မျိုး သား​ကို​ကျော်​လွန်​၍​သွား​လေ​၏။

24. ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 18