30. မင်းကြီးက``ထိုနေရာသို့ရွှေ့၍ရပ်လော့'' ဟု ဆိုလျှင်အဟိမတ်သည်ရွှေ့၍ရပ်နေ၏။
31. ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
32. မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။
33. မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။