ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 18:1-10 Common Language Bible (BCL)

1. ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။-

2. ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။

3. လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။

4. မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-

5. ``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။

6. ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-

7. ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-

8. တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။

9. အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-

10. ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 18