6. ဟုရှဲရောက်လာသောအခါအဗရှလုံ က``အဟိသောဖေလပေးသောအကြံမှာ ဤသို့ဖြစ်၏။ ထိုအကြံအတိုင်းငါတို့ လိုက်သင့်ပါသလော။ မလိုက်သင့်ပါမူငါ တို့အဘယ်သို့ပြုရမည်ကိုပြောပါ လော့'' ဟုဆို၏။
7. ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။-
8. အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
9. ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
10. ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
11. အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-
12. ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။-
13. အကယ်၍သူသည်မြို့တစ်မြို့အတွင်း သို့ဆုတ်ခွာသွားလျှင် အကျွန်ုပ်တို့၏လူ များသည်ကြိုးများကိုယူဆောင်ကာတောင် ကုန်းပေါ်တွင်ကျောက်တစ်လုံးမျှမကျန်ဘဲ ထိုမြို့ကိုချိုင့်ဝှမ်းအောက်သို့ဆွဲချကြ ပါမည်'' ဟုလျှောက်၏။
14. အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
15. ထိုနောက်ဟုရှဲသည်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့အား မိမိသည်အဗရှလုံ နှင့်ဣသရေလခေါင်းဆောင်များကိုအဘယ် သို့အကြံပေး၍အဟိသောဖေလက မည်သို့အကြံပေးသည်ကိုပြောပြ၏။-
16. ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။