20. အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
21. သူတို့ပြန်သွားကြသောအခါအဟိမတ် နှင့်ယောနသန်တို့သည်ရေတွင်းထဲမှတက် လာပြီးလျှင် ဒါဝိဒ်မင်းထံသွားရောက်သတင်း ပို့ကြ၏။ သူတို့သည်မင်းကြီးအားအဟိသော ဖေလအဘယ်သို့မကောင်းကြံသည်ကိုသံ တော်ဦးတင်ပြီးနောက်``မြစ်တစ်ဘက်ကမ်းသို့ ဆောလျင်စွာကူးတော်မူပါ'' ဟုလျှောက်ထား ကြ၏။-
22. သို့ဖြစ်၍ဒါဝိဒ်နှင့်နောက်ပါအပေါင်းတို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူးကြရာ မိုး သောက်ချိန်၌တစ်ယောက်မကျန်တစ်ဘက် ကမ်းသို့ရောက်ရှိကြ၏။
23. အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
24. အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
25. (အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
26. အဗရှလုံနှင့်နောက်ပါအပေါင်းတို့သည် ဂိလဒ်ပြည်တွင်တပ်စခန်းချကြ၏။
27. မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
28-29. တောကန္တာရ၌ဒါဝိဒ်နှင့်နောက်ပါတို့သည် အစာရေစာငတ်မွတ်လျက်၊ နွမ်းနယ်လျက် နေကြမည်ကိုသူတို့သိသောကြောင့် ခွက် ဖလားများ၊ မြေအိုးများ၊ အိပ်ရာများ၊ ဂျုံ ဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်၊ ပဲတောင့်၊ ပဲကြား၊ ပျားရည်၊ ဒိန်ခဲ၊ မလိုင်နှင့်သိုးများ ကိုယူဆောင်လာကြ၏။