ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 17:19-28-29 Common Language Bible (BCL)

19. အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။-

20. အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။-

21. သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။-

22. သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။

23. အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။

24. အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-

25. (အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-)

26. အ​ဗ​ရှ​လုံ​နှင့်​နောက်​ပါ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​တွင်​တပ်​စ​ခန်း​ချ​ကြ​၏။

27. မ​ဟာ​နိမ်​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​သော အ​ခါ​အမ္မုန်​ပြည်၊ ရဗ္ဗာ​မြို့​သား​နာ​ဟတ်​၏ သား​ရှောဘိ၊ လော​ဒေ​ဗာ​မြို့​သား​အ​မျေ​လ ၏​သား​မာ​ခိ​ရ​နှင့်​ဂိ​လဒ်​ပြည်​ရော​ဂေ​လိမ် မြို့​သား​ဗာ​ဇိ​လဲ​တို့​သည်​သူ​၏​ထံ​လာ ရောက်​တွေ့​ဆုံ​ကြ​၏။-

28-29. တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 17