ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 17:1-12 Common Language Bible (BCL)

1. အ​ဟိ​သော​ဖေ​လ​က``အ​ကျွန်ုပ်​သည်​လူ တစ်​သောင်း​နှစ်​ထောင်​ရွေး​ချယ်​၍ ဒါ​ဝိဒ် နောက်​သို့​ယ​နေ့​ညဥ့်​ပင်​လိုက်​ပါ​ရ​စေ။-

2. မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊-

3. မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည်​မိ​မိ​၏ ခင်​ပွန်း​ထံ​သို့​ပြန်​လာ​သ​ကဲ့​သို့ သူ​၏​လူ အ​ပေါင်း​ကို​အ​ရှင့်​ထံ​သို့​ပြန်​လာ​စေ​ပါ မည်။ အ​ရှင်​သေ​စေ​လို​သူ​မှာ​တစ်​ယောက် တည်း​ဖြစ်​ပါ​၏။ အ​ခြား​လူ​အ​ပေါင်း​တို့ သည်​ဘေး​ဥ​ပဒ်​ရောက်​ရ​ကြ​လိမ့်​မည် မ​ဟုတ်​ပါ'' ဟု​အ​ဗ​ရှ​လုံ​အား​လျှောက် ထား​၏။-

4. ဤ​အ​ကြံ​ကို​အ​ဗ​ရှ​လုံ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​များ​က​နှစ်​သက် ကြ​၏။

5. အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-

6. ဟု​ရှဲ​ရောက်​လာ​သော​အ​ခါ​အ​ဗ​ရှ​လုံ က``အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​မှာ ဤ​သို့​ဖြစ်​၏။ ထို​အ​ကြံ​အ​တိုင်း​ငါ​တို့ လိုက်​သင့်​ပါ​သ​လော။ မ​လိုက်​သင့်​ပါ​မူ​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ပြော​ပါ လော့'' ဟု​ဆို​၏။

7. ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။-

8. အ​ရှင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့ သည်​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည်​ကို​လည်း ကောင်း၊ သူ​တို့​သည်​သား​ငယ်​ပျောက်​သည့်​ဝက် ဝံ​မ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည်​ကို လည်း​ကောင်း​အ​ရှင်​သိ​တော်​မူ​ပါ​၏။ အ​ရှင့် ခ​မည်း​တော်​သည်​အ​တွေ့​အ​ကြုံ​များ​သည့် စစ်​သည်​တော်​တစ်​ဦး​ဖြစ်​သ​ဖြင့် ညဥ့်​အ​ခါ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​အိပ်​စက်​တော်​မ​မူ တတ်​ပါ။-

9. ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။-

10. ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။-

11. အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။-

12. ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​မ​တွေ့​တွေ့​အောင် ရှာ​၍ အ​ကျွန်ုပ်​တို့​သည်​သူ့​အား​ရုတ်​တ​ရက် အ​မှတ်​မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​ကြ​ပါ မည်။ သူ​မှ​စ​၍​သူ​၏​လူ​တစ်​စုံ​တစ်​ယောက် မျှ​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 17