1. အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
2. မောပန်းစိတ်ပျက်နေချိန်၌သူ့အားအကျွန်ုပ် ဝင်ရောက်တိုက်ခိုက်ပါမည်။ ထိုအခါသူသည် ကြောက်လန့်သွားမည်ဖြစ်၍ သူ၏လူတို့သည် လည်းထွက်ပြေးကြပါလိမ့်မည်။ အကျွန်ုပ်သည် ဘုရင်တစ်ပါးတည်းကိုသာသတ်ပြီးလျှင်၊-
3. မင်္ဂလာဆောင်သတို့သမီးသည်မိမိ၏ ခင်ပွန်းထံသို့ပြန်လာသကဲ့သို့ သူ၏လူ အပေါင်းကိုအရှင့်ထံသို့ပြန်လာစေပါ မည်။ အရှင်သေစေလိုသူမှာတစ်ယောက် တည်းဖြစ်ပါ၏။ အခြားလူအပေါင်းတို့ သည်ဘေးဥပဒ်ရောက်ရကြလိမ့်မည် မဟုတ်ပါ'' ဟုအဗရှလုံအားလျှောက် ထား၏။-
4. ဤအကြံကိုအဗရှလုံနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်များကနှစ်သက် ကြ၏။
5. အဗရှလုံက``ယခုဟုရှဲကိုခေါ်ခဲ့ကြ။ သူ ၏အကြံကိုလည်းနားထောင်ကြစို့'' ဟု ဆို၏။-
6. ဟုရှဲရောက်လာသောအခါအဗရှလုံ က``အဟိသောဖေလပေးသောအကြံမှာ ဤသို့ဖြစ်၏။ ထိုအကြံအတိုင်းငါတို့ လိုက်သင့်ပါသလော။ မလိုက်သင့်ပါမူငါ တို့အဘယ်သို့ပြုရမည်ကိုပြောပါ လော့'' ဟုဆို၏။
7. ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။-
8. အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
9. ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
10. ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
11. အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-