3. မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။
4. မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။
5. ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
6. ဒါဝိဒ်အားကိုယ်ရံတော်တပ်သားများနှင့်လူ တို့ခြံရံလျက်ရှိနေသော်လည်း ရှိမိသည် ဒါဝိဒ်နှင့်မှူးမတ်တို့အားခဲနှင့်ပေါက်လေ သည်။-
7. ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
8. သင်သည်ရှောလု၏နိုင်ငံကိုသိမ်းယူခဲ့၍ သူ၏မိသားစုတို့ကိုသတ်သည့်အတွက် ယခုထာဝရဘုရားသည်သင့်ကိုဒဏ် ခတ်တော်မူပြီ။ ထာဝရဘုရားသည်နိုင်ငံ တော်ကိုသင်၏သားအဗရှလုံ၏လက်သို့ ပေးအပ်တော်မူပြီ။ အချင်းလူသတ်သမား၊ သင်သည်အကျိုးနည်းရလေပြီ'' ဟုကျိန် ဆဲလေ၏။
9. ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
10. မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။-