ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 16:1-14 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-

2. ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။ဇိ​ဘ​က``မြည်း​များ​သည်​အ​ရှင်​မင်း​ကြီး​၏ မိ​သား​စု​စီး​ရန်​ဖြစ်​ပါ​သည်။ မုန့်​နှင့်​သစ်​သီး များ​မှာ​ငယ်​သား​တို့​စား​ရန်​ဖြစ်​၍​စ​ပျစ် ရည်​မှာ​တော​ကန္တာရ​တွင်​သူ​တို့​မော​ပန်း​ကြ သော​အ​ခါ​သောက်​ရန်​ဖြစ်​ပါ​သည်'' ဟု လျှောက်​၏။

3. မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ဇိ​ဘ​က``ယ​ခု​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် သူ့​အား​ဘိုး​တော်​ရှော​လု​၏​နိုင်​ငံ​ကို အပ်​နှင်း​ကြ​တော့​မည်​ဟု​ယုံ​ကြည်​သ​ဖြင့် သူ သည်​ယေ​ရု​ရှလင်​မြို့​တွင်​နေ​ရစ်​ပါ​၏'' ဟု လျှောက်​လေ​သည်။

4. မင်း​ကြီး​က​လည်း``မေ​ဖိ​ဗော​ရှက်​ပိုင်​သ​မျှ သော​ပစ္စည်း​ဥစ္စာ​တို့​ကို​သင့်​အား​ငါ​ပေး​၏'' ဟု​မိန့်​တော်​မူ​၏။ဇိ​ဘ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော် ၌​အ​စဉ်​မျက်​နှာ​ရ​ပါ​စေ​သော'' ဟု လျှောက်​၏။

5. ဒါ​ဝိဒ်​သည်​ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်​သော​အ​ခါ ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​ဂေ​ရ​၏​သား၊ ရှိ​မိ ဆို​သူ​သည်​ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လျက်​မြို့​မှ ထွက်​လာ​၏။-

6. ဒါ​ဝိဒ်​အား​ကိုယ်​ရံ​တော်​တပ်​သား​များ​နှင့်​လူ တို့​ခြံ​ရံ​လျက်​ရှိ​နေ​သော်​လည်း ရှိ​မိ​သည် ဒါ​ဝိဒ်​နှင့်​မှူး​မတ်​တို့​အား​ခဲ​နှင့်​ပေါက်​လေ သည်။-

7. ရှိ​မိ​က``အ​သက်​ကို​သတ်​သော​အ​ချင်း ရာ​ဇ​ဝတ်​ကောင်၊ ထွက်​သွား​လော့။ ထွက်​သွား လော့။-

8. သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။

9. ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က​မင်း​ကြီး အား``အ​ရှင်​မင်း​ကြီး၊ အ​ဘယ်​ကြောင့်​ဤ​ခွေး သေ​ကောင်​ကို​အ​ရှင့်​အား​ကျိန်​ဆဲ​ခွင့်​ပြု တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​သွား​၍ သူ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​ပါ​ရ​စေ'' ဟု လျှောက်​၏။

10. မင်း​ကြီး​က​အ​ဘိ​ရှဲ​နှင့်​သူ​၏​အစ်​ကို​ယွာ​ဘ အား``ဤ​အ​မှု​သည်​သင်​တို့​နှင့်​မ​သက်​ဆိုင်။ ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့် သူ သည်​ကျိန်​ဆဲ​ခဲ့​သော်​သူ့​အား`သင်​သည် အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း' ဟု အ​ဘယ်​သူ​မေး​မြန်း​မည်​နည်း'' ဟု​ဆို​၏။-

11. ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-

12. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင် တော်​မူ​၍ ထို​သူ​၏​ကျိန်​စာ​အ​စား​ကောင်း ချီး​မင်္ဂ​လာ​ကို​ချ​ပေး​ကောင်း​ချ​ပေး​တော် မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-

13. ထို​နောက်​ဒါ​ဝိဒ်​နှင့်​နောက်​တော်​လိုက်​သူ​တို့ သည်​ဆက်​လက်​၍​ခ​ရီး​ပြု​ကြ​၏။ ရှိ​မိ​သည် တောင်​ခါး​ပန်း​တစ်​လျှောက်​လိုက်​၍​ကျိန်​ဆဲ ကာ​ကျောက်​ခဲ​များ​ဖြင့်​ပေါက်​၏။ မြေ​မှုန့် များ​နှင့်​လည်း​ပက်​၏။-

14. မင်း​ကြီး​နှင့်​အ​တူ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ နွမ်း​နယ်​ကြ သ​ဖြင့်​ထို​အ​ရပ်​တွင်​အ​ပန်း​ဖြေ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 16