6. သူသည်ဤသို့ရက်စက်သည့်အမှုကိုပြုသည့် အတွက် မိမိယူထားသည့်သိုးငယ်တစ်ကောင် အစားလေးဆပြန်၍ပေးလျော်စေရမည်'' ဟုမိန့်တော်မူ၏။
7. နာသန်က``ထိုသူကားအရှင်မင်းကြီးပင်ဖြစ် ပါ၏။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်ကို ဣသရေလဘုရင်အဖြစ်ခန့်ထား၍ရှောလု လက်မှကယ်ဆယ်ခဲ့၏။-
8. သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒ ပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။-
9. သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
10. သင်သည်ငါ့အမိန့်တော်ကိုမနာခံဘဲ ဥရိယ၏ဇနီးကိုသိမ်းယူသောကြောင့် သင်၏ဆွေစဉ်မျိုးဆက်တိုင်း၌သေခြင်း ဆိုးဖြင့်သေရသူများရှိလိမ့်မည်။-
11. ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-
12. သင်သည်ထိုအပြစ်ကိုဆိတ်ကွယ်ရာ၌ပြု ခဲ့၏။ ငါမူကားဣသရေလအမျိုးသား တစ်ရပ်လုံးတွေ့မြင်နိုင်ရန် ထိုအမှုကိုနေ့ ခင်းကြောင်တောင်၌ဖြစ်ပွားစေမည်' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆို၏။
13. ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-