ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 12:21-29 Common Language Bible (BCL)

21. မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။

22. ဒါ​ဝိဒ်​က​လည်း``က​လေး​အ​သက်​ရှင်​နေ​စဉ် အ​ခါ​၌​ငါ​သည်​အ​စာ​ရှောင်​လျက်​ငို​ယို လျက်​နေ​သည်​မှာ​မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​သ​နား​သ​ဖြင့် က​လေး​၏​အ​သက် ကို​ချမ်း​သာ​ပေး​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။-

23. သို့​သော်​ယ​ခု​မှာ​က​လေး​သေ​ဆုံး​ပြီ​ဖြစ် ၍​ငါ​သည် အ​ဘယ်​ကြောင့်​အ​စာ​ရှောင်​ရ​မည် နည်း။ ငါ​သည်​က​လေး​အား​အ​သက်​ပြန်​၍ ရှင်​စေ​နိုင်​မည်​လော။ တစ်​နေ့​သော​အ​ခါ​၌ ငါ​သည်​သူ​ရှိ​ရာ​အ​ရပ်​သို့​သွား​ရ​လိမ့်​မည်။ သူ​မူ​ကား​ငါ့​ထံ​သို့​အ​ဘယ်​အ​ခါ​မျှ ပြန်​လာ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ပြန်​၍ မိန့်​တော်​မူ​၏။

24. ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-

25. မိ​မိ​ချစ်​မြတ်​နိုး​မှု​ကို​ထောက်​၍​ထို​သူ​ငယ် ကို​ယေ​ဒိ​ဒိ ဟု​နာ​မည်​မှည့်​ရန်​ပ​ရော​ဖက်​နာ​သန်​အား အ​မိန့်​ပေး​တော်​မူ​၏။

26. ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-

27. ဒါ​ဝိဒ်​ထံ​သို့``အ​ကျွန်ုပ်​သည်​ရဗ္ဗာ​မြို့​ကို တိုက်​ခိုက်​၍​ရေ​ကန်​ကို​သိမ်း​ယူ​ပြီး​ပါ​ပြီ။-

28. အ​ရှင်​သည်​ကျန်​ရှိ​နေ​သေး​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​ကြွ​တော်​မူ​၍ ထို​မြို့​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ထို​မြို့​ကို သိမ်း​ယူ​သူ​အ​ဖြစ်​ဖြင့်​နာ​မည်​ကောင်း​မ​ယူ လို​ပါ'' ဟု​စေ​တ​မန်​များ​ကို​လွှတ်​၍ အ​စီ​ရင်​ခံ​လေ​သည်။-

29. ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​၏​စစ်​သည်​တော် များ​ကို​စု​ရုံး​၍ ရဗ္ဗာ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​နှိမ်​နင်း​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 12