19. ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။သူတို့ကလည်း``မှန်လှပါ၊ ကလေးသေပါပြီ'' ဟုလျှောက်ကြ၏။
20. ဒါဝိဒ်သည်ကြမ်းပြင်ပေါ်မှထ၍ ရေချိုး ခေါင်းဖီးပြီးလျှင်အဝတ်အစားများကို လဲ၏။ ထိုနောက်ထာဝရဘုရား၏အိမ်တော် သို့သွား၍ဝတ်ပြုကိုးကွယ်၏။ နန်းတော် သို့ပြန်လည်ရောက်ရှိလာသောအခါမင်း ကြီးသည် စားသောက်ဖွယ်တို့ကိုတောင်း၍ ချက်ချင်းပင်စားတော်ခေါ်လေသည်။-
21. မှူးမတ်များက``အကျွန်ုပ်တို့သည်အရှင်ပြု တော်မူပုံကိုနားမလည်နိုင်ကြပါ။ အရှင် သည်ကလေးအသက်ရှင်နေစဉ်အခါက ငိုယိုလျက်အစားအစာကိုမစားဘဲနေ ပါ၏။ သို့ရာတွင်ယခုကလေးသေဆုံးသည် နှင့်တစ်ပြိုင်နက်ထ၍စားတော်ခေါ်ပါသည် တကား'' ဟုလျှောက်ထားကြ၏။
22. ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။-
23. သို့သော်ယခုမှာကလေးသေဆုံးပြီဖြစ် ၍ငါသည် အဘယ်ကြောင့်အစာရှောင်ရမည် နည်း။ ငါသည်ကလေးအားအသက်ပြန်၍ ရှင်စေနိုင်မည်လော။ တစ်နေ့သောအခါ၌ ငါသည်သူရှိရာအရပ်သို့သွားရလိမ့်မည်။ သူမူကားငါ့ထံသို့အဘယ်အခါမျှ ပြန်လာနိုင်တော့မည်မဟုတ်'' ဟုပြန်၍ မိန့်တော်မူ၏။
24. ထိုနောက်ဒါဝိဒ်သည်သူ၏မိဖုရားဗာသ ရှေဘအား နှစ်သိမ့်စေပြီးနောက်သူနှင့်ကိုယ် လက်နှီးနှောမှုကိုပြု၏။ ဗာသရှေဘသည် လည်းသားယောကျာ်းလေးကိုဖွားမြင်လေ သည်။ ထိုသားကိုဒါဝိဒ်သည်ရှောလမုန်ဟု နာမည်မှည့်၏။ ထာဝရဘုရားသည်ထို သူငယ်ကိုချစ်မြတ်နိုးတော်မူသဖြင့်၊-
25. မိမိချစ်မြတ်နိုးမှုကိုထောက်၍ထိုသူငယ် ကိုယေဒိဒိ ဟုနာမည်မှည့်ရန်ပရောဖက်နာသန်အား အမိန့်ပေးတော်မူ၏။
26. ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
27. ဒါဝိဒ်ထံသို့``အကျွန်ုပ်သည်ရဗ္ဗာမြို့ကို တိုက်ခိုက်၍ရေကန်ကိုသိမ်းယူပြီးပါပြီ။-
28. အရှင်သည်ကျန်ရှိနေသေးသောစစ်သည် အလုံးအရင်းနှင့်ကြွတော်မူ၍ ထိုမြို့ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည်ထိုမြို့ကို သိမ်းယူသူအဖြစ်ဖြင့်နာမည်ကောင်းမယူ လိုပါ'' ဟုစေတမန်များကိုလွှတ်၍ အစီရင်ခံလေသည်။-
29. ထို့ကြောင့်ဒါဝိဒ်သည်မိမိ၏စစ်သည်တော် များကိုစုရုံး၍ ရဗ္ဗာမြို့သို့သွားရောက်တိုက် ခိုက်နှိမ်နင်းတော်မူ၏။-