ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 9:32-38 Common Language Bible (BCL)

32. ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။

33. လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။

34. အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။

35. ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။-

36. သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-

37. ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။-

38. မိ​က​လုတ်​၏​သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့​၏ သား​မြေး​များ​သည် မိ​မိ​တို့​၏​အ​နွယ်​ဝင် အ​ခြား​အိမ်​ထောင်​စု​များ​နှင့်​ယှဉ်​တွဲ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 9