ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 9:21-34 Common Language Bible (BCL)

21. မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။

22. အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-

23. ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-

24. ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-

25. ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။-

26. တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-

27. သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။

28. အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။-

29. အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-

30. သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။

31. ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။-

32. ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။

33. လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။

34. အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 9