ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 7:4-19 Common Language Bible (BCL)

4. သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။

5. အ​စိုး​ရ​မှတ်​တမ်း​များ​အ​ရ​ဣ​သ​ခါ​၏​သား ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​ရှိ​သ​မျှ​တို့​တွင် စစ် မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ပေါင်း ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​၏။

6. င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

7. ဗေ​လ​တွင်​ဧ​ဇ​ဗုန်၊ သြ​ဇိ၊ သြ​ဇေ​လ၊ ယေ​ရိ မုတ်၊ ဣ​ရိ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့ သည်​မိမိ​တို့​သား​ချင်း​စု​ထဲ​တွင်​အိမ်​ထောင် ဦး​စီး​များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား​မြေး​များ​ထဲ တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အချင်း​ပြည့်​သူ နှစ်​သောင်း​နှစ်​ထောင့်​သုံး​ဆယ့်​လေး​ယောက် ရှိ​၏။

8. ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။-

9. အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။

10. ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-

11. သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-

12. ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။

13. န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။)

14. မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-

15. မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။

16. မာ​ခိ​ရ​၏​ဇ​နီး​မာ​ခါ​သည်​သား​နှစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​အား​ပေ​ရက်​နှင့် ရှေ​ရက်​ဟု​နာ​မည်​မှည့်​၏။ ပေ​ရက်​တွင်​ဥ​လံ နှင့်​ရေ​ကင်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-

17. ဥ​လံ​တွင်​ဗေ​ဒန်​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​လေ​သည်။ ဤ​သူ​တို့​ကား​မာ​ခိ​ရ ၏​သား၊ မ​နာ​ရှေ​၏​မြေး​ဂိ​လဒ်​မှ​ဆင်း​သက် လာ​သူ​များ​ဖြစ်​ကြ​၏။

18. ဂိ​လဒ်​၏​နှ​မ၊ ဟမ္မော​လေ​ကက်​တွင် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ဟူ​၍​သား​သုံး​ယောက် ရှိ​၏။-

19. (ရှ​မိ​ဒ​တွင်​အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။)

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 7