ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 7:28-40 Common Language Bible (BCL)

28. သူ​တို့​သိမ်း​ယူ​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ သည့်​နယ်​မြေ​တွင်​အ​ရှေ့​သို့​လား​သော်​နာ​ရန် မြို့​အ​ထိ၊ ထို​မြို့​နှင့်​ဗေ​သ​လ​မြို့​နှင့်​အ​နီး တစ်​ဝိုက်​ရှိ​မြို့​များ၊ အ​နောက်​သို့​လား​သော် ဂေ​ဇာ​မြို့​အ​ထိ၊ ထို​မြို့​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​မြို့​များ​ပါ​ဝင်​၏။ ရှေ​ခင်​မြို့၊ အာ​ရ​မြို့​နှင့် ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​လည်း ပါ​၏။

29. မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။

30. အာ​ရှာ​၏​သား​မြေး​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ အာ​ရှာ​တွင်​ယိ​မ​န၊ ဣ​ရွာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​ဟူ​သော​သား​လေး​ယောက် နှင့်​စေရ​ဟူ​သော​သ​မီး​တစ်​ယောက်​ရှိ​၏။

31. ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။)

32. ဟေ​ဗာ​တွင်​ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ​ဟူ သော​သား​သုံး​ယောက်​နှင့်​ရှု​အာ​ဟူ​သော သ​မီး​တစ်​ယောက်​ရှိ​၏။

33. ယာ​ဖ​လက်​တွင်​ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

34. ယာ​ဖ​လက်​၏​ညီ​ရှော​မာ​တွင်​ရော​ဂ၊ ယေ​ဟုဗ္ဗ၊ အာ​ရံ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

35. သူ​၏​ညီ​ငယ်​ဟော​သံ​တွင်​ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။

36. ဇော​ဖ​၏​သား​မြေး​များ​မှာ​သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊-

37. ဗေ​ဇာ၊ ဟော​ဒ၊ ရှမ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တို့ ဖြစ်​၏။

38. ယေ​သာ​၏​သား​မြေး​များ​မှာ​ယေ​ဖုန္န၊ ပိ​သ​ပ၊ အာ​ရ​တို့​ဖြစ်​၏။-

39. ဥလ္လ​၏​သား​မြေး​များ​မှာ​အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တို့​ဖြစ်​သ​တည်း။

40. ဤ​သူ​အ​ပေါင်း​တို့​သည်​အာ​ရှာ​၏​သား​မြေး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အိမ်​ထောင်​ဦး​စီး များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ​များ၊ ထူး​ချွန်​သော​ခေါင်း​ဆောင်​များ​ဖြစ်​ပေ​သည်။ သူ​တို့​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း ရှိ​သူ​လူ​ပေါင်း​နှစ်​သောင်း​ခြောက်​ထောင်​ရှိ သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 7