1. ဣသခါတွင်တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ဟူ၍သားလေးယောက်ရှိ၏။
2. တောလတွင်သြဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလဟူ၍သားခြောက်ယောက်ရှိ ၏။ ထိုသူတို့သည်တောလသားချင်းစု၏ ဦးစီးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်စော သောစစ်သူရဲများဖြစ်ကြ၏။ သူတို့၏သား မြေးဦးရေသည်ဒါဝိဒ်မင်း၏လက်ထက်၌ နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိသတည်း။
3. သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-
4. သူတို့တွင်သားမယားအများအပြားရှိ သောကြောင့် သူတို့၏သားမြေးများမှစစ် မှုထမ်းရန်လူပေါင်းသုံးသောင်းခြောက် ထောင်ရရှိနိုင်လေသည်။
5. အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။
6. င်္ဗယာမိန်တွင်ဗေလ၊ ဗေခါ၊ ယေဒယေလ ဟူ၍သားသုံးယောက်ရှိ၏။
7. ဗေလတွင်ဧဇဗုန်၊ သြဇိ၊ သြဇေလ၊ ယေရိ မုတ်၊ ဣရိဟူ၍သားငါးယောက်ရှိ၏။ သူတို့ သည်မိမိတို့သားချင်းစုထဲတွင်အိမ်ထောင် ဦးစီးများ၊ ထင်ပေါ်ကျော်စောသောစစ်သူရဲ များဖြစ်ကြ၏။ သူတို့၏သားမြေးများထဲ တွင်စစ်မှုထမ်းရန်အရည်အချင်းပြည့်သူ နှစ်သောင်းနှစ်ထောင့်သုံးဆယ့်လေးယောက် ရှိ၏။
8. ဗေခါတွင်ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိ သြနဲ၊ သြမရိ၊ ယေရိမုတ်၊ အဘိယ၊ အာန သုတ်၊ အာလမက်ဟူ၍သားကိုးယောက်ရှိ၏။-
9. အစိုးရမှတ်တမ်းအရသူတို့၏သားမြေး များတွင် အိမ်ထောင်စုအလိုက်စစ်မှုထမ်းရန် အရည်အချင်းပြည့်သူများမှာ လူပေါင်း နှစ်သောင်းနှစ်ရာယောက်ရှိ၏။
10. ယေဒယေလတွင်ဗိလဟန်ဟူသောသား တစ်ယောက်ရှိ၏။ ဗိလဟန်တွင်ယုရှ၊ င်္ဗယာမိန်၊ ဧဟုတ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိ ရှဟာဟူ၍သားခုနစ်ယောက်ရှိ၏။-