ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 6:33-38-63 Common Language Bible (BCL)

33-38. ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။

39-43. ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။

44-47. မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။

48. ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

49. အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။-

50. အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊-

51-53. ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။

54-55. ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။-

56. ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။-

57-59. အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-

60. သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

61. ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။

62. ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-

63. ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 6