ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 6:33-38 Common Language Bible (BCL)

ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 6

အခြေအနေတွင်ကြည့်ရန်က