ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 5:4-6-21 Common Language Bible (BCL)

4-6. အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။

7. အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊-

8. ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။-

9. ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။

10. ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။

11. ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။-

12. ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။-

13. အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။-

14. သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။-

15. အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။-

16. သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-

17. (ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)

18. ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-

19. သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။-

20. ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-

21. သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 5