ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:9-23 Common Language Bible (BCL)

9. ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-

10. ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။

11. ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။-

12. ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။

13. ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။-

14. မော​နော​သဲ​၏​သား​မှာ​သြ​ဖ​ရာ​တည်း။စ​ရာ​ယ​၏​သား​သည်​လက်​မှု​ပညာ​သည်​ချိုင့်​ဝှမ်း ကို​တည်​ထောင်​သူ​ယွာ​ဘ​ဖြစ်​၏။ ထို​ချိုင့်​ဝှမ်း တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကား​လက်​မှု​ပ​ညာ ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ​ဖြစ်​သ​တည်း။

15. ယေဖုန္န​၏​သား​ဖြစ်​သော​ကာ​လက်​တွင်​ဣ​ရု၊ ဧ​လာ၊ နာ​မ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။ ဧ​လာ​၏ သား​မှာ​ကေ​နတ်​ဖြစ်​၏။

16. ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။

17-18. ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

19. ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။

20. ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။

21. ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊-

22. ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-)

23. ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4