ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:40-43 Common Language Bible (BCL)

40. သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။

41. ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-

42. ရှိ​မောင်​အ​နွယ်​ဝင်​လူ​ငါး​ရာ​တို့​သည် အ​ရှေ့​ဘက်၊ ဧ​ဒုံ​ပြည်​သို့​သွား​ကြ​၏။ သူ တို့​အား​ဦး​ဆောင်​သွား​ကြ​သူ​များ​မှာ ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ​နှင့်​သြ​ဇေ​လ တို့​ဖြစ်​၏။ သူ​တို့​ကား​ဣ​ရှိ​၏​သား​များ ဖြစ်​သ​တည်း။-

43. သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​အ​ကြွင်း အ​ကျန်​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင် လျက်​ရှိ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4