ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:25-41 Common Language Bible (BCL)

25. ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။-

26. မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။-

27. ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။

28. ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊-

29. ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊-

30. ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊-

31. ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။-

32. ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊-

33. အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။

34-38. ထို​သူ​တို့​၏​သား​ချင်း​စု​ဦး​စီး​ခေါင်း​ဆောင် များ​မှာမေ​ရှော​ဗပ်၊ယာ​မ​လက်၊အာ​မ​ဇိ​၏​သား ယော​ရှ၊ယော​လ၊စ​ရာ​ယ​၏​မြေး၊အာ​သေ​လ​၏​မြစ်၊ယော​ရှိ​ဘိ​ယ သား​ဖြစ်​သော​ယေ​ဟု၊ဧ​လျော​နဲ၊​ယာ​ကော​ဘ၊ယေ​ရှော​ဟာ​ယ၊အ​သာ​ယ၊ အ​ဒျေ​လ၊ယေ​သိ​မျေ​လ၊ဗေ​နာ​ယ၊ယေ​ဒါ​ယ၊ရှိ​မ​ရိ၊ရှေ​မာ​ယ​နှင့်​အလ္လုန်​မှ​ဆင်း သက် လာ​သော​ရှိ​ဖိ​၏​သား​ဇိ​ဇ။ထို​သူ​တို့​၏​အိမ်​ထောင်​စု​များ​သည်​ဆက် လက်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊-

39. အ​နောက်​ဘက်​တွင်​ဂေရာ​မြို့​အ​နီး​သို့​တိုင် အောင်​ပြန့်​နှံ့​သွား​လျက် ထို​မြို့​တည်​ရာ​ချိုင့် ဝှမ်း​အ​ရှေ့​ဘက်​တွင်​သိုး​များ​ကို​ထိန်း ကျောင်း​ကြ​၏။-

40. သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။

41. ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4