21. ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-
22. ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
23. ယောရှနှင့်သာရပ်တို့သည်ဘုရင်၏အမှု တော်ထမ်းအိုးထိန်းသည်များဖြစ်၍ နတိမ် နှင့်ဂဒေရမြို့တို့တွင်နေထိုင်ကြပေသည်။
24. ရှိမောင်တွင်ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလဟူ၍သားငါးယောက်ရှိ၏။-
25. ရှောလ၏သားသည်ရှလ္လုံ၊ သူ၏မြေးမှာ မိဘသံ၊ သူ၏မြစ်မှာမိရှမဖြစ်၏။-
26. မိရှမမှာအစပြု၍ဟမွေလ၊ ဇက္ကုရနှင့် ရှိမိတိုင်အောင်မျိုးဆက်ပေါက်ပွားလာ၏။-