ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:20-33 Common Language Bible (BCL)

20. ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။

21. ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊-

22. ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-)

23. ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။

24. ရှိ​မောင်​တွင်​ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။-

25. ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။-

26. မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။-

27. ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။

28. ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊-

29. ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊-

30. ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊-

31. ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။-

32. ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊-

33. အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4