ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:1-13 Common Language Bible (BCL)

1. ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။-

2. ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။

3-4. ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။

5. တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။-

6. နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊-

7. ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။

8. ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။

9. ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-

10. ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။

11. ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။-

12. ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။

13. ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4