1. ယုဒ၏သားများမှာဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတို့ဖြစ်၏။-
2. ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
3-4. ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
5. တေကောမြို့ကိုတည်ထောင်သူအာရှုရတွင် ဟေလနှင့်နာရနာမည်တွင်သောမယား နှစ်ယောက်ရှိ၏။-
6. နာရသည်အဟုဇံ၊ ဟေဖာ၊ တေမနိနှင့် ဟာဟရှ တာရိဟူသောသားလေးယောက်ကိုဖွားမြင်၍၊-
7. ဟေလသည်ဇေရက်၊ ယေဇော်၊ ဧသနန်ဟူ သောသားသုံးယောက်ကိုဖွားမြင်လေသည်။
8. ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။
9. ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။-
10. ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
11. ရှုအာ၏မောင်ကာလက်တွင်မဟိရဟူသော သားတစ်ယောက်ရှိ၏။ မဟိရ၏သားမှာဧရှ တုန်တည်း။-