သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-