ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 29:2-10 Common Language Bible (BCL)

2. ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-

3. ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-

4. ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊-

5. နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

6. ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-

7. သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-

8. ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ကြ​သူ​တို့​သည် ယင်း​တို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​သား ချင်း​စု​မှ​ယေ​ဟေ​လ​အုပ်​ချုပ်​သည့်​ဗိ​မာန် တော်​ဘဏ္ဍာ​တိုက်​သို့​ပေး​လှူ​ကြ​၏။-

9. သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။

10. ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 29