ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 29:15-30 Common Language Bible (BCL)

15. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။-

16. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။-

17. ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-

18. ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-

19. ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။

20. ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

21. နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-

22. သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။-

23. သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-

24. အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။-

25. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။

26-27. ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​ကို​အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော် မူ​၏။ သူ​သည်​ဟေဗြုန်​မြို့​တွင်​ခု​နစ်​နှစ်၊ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော် မူ​၏။-

28. သူ​သည်​စည်း​စိမ်​ချမ်း​သာ​ကြွယ်​ဝ​လျက်​ကြည်​ညို လေး​စား​မှု​ကို​ခံ​ရ​ကာ အ​လွန်​အို​မင်း​ချိန်​ကျ မှ​ကွယ်​လွန်​တော်​မူ​လေ​သည်။-

29. ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-

30. ထို​ပ​ရော​ဖက်​တို့​သည်​ဒါ​ဝိဒ်​မင်း​တိုင်း​ပြည်​ကို အုပ်​စိုး​ပုံ​နှင့်​တန်​ခိုး​ကြီး​ပုံ​တို့​ကို​လည်း​ကောင်း၊ သူ​ကြုံ​တွေ့​ရ​သော​အ​ဖြစ်​အ​ပျက်​များ​နှင့် တ​ကွ​ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​တိုင်း​ပြည်​များ​၏​အ​ဖြစ်​အ​ပျက်​မှန်​သ​မျှ တို့​ကို​လည်း​ကောင်း​ဖော်​ပြ​ကြ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 29