1. ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
2. ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
3. ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
4. ငါသည်ရွှေစင်တန်ချိန်တစ်ရာတစ်ဆယ့် ငါးနှင့်ဗိမာန်တော်နံရံများမွမ်းမံချယ် လှယ်ရန်၊-
5. နှင့်လက်မှုပညာသည်တို့ပြုလုပ်ရန်ရှိသမျှ သောဝတ္ထုပစ္စည်းများ ငွေစင်အချိန်နှစ်ရာခြောက် ဆယ့်ငါးတန်ကိုလည်းပေးလှူခဲ့လေပြီ။ ယနေ့ အဘယ်သူသည်ထာဝရဘုရားအားရက်ရော စွာပေးလှူလိုပါသနည်း'' ဟုမိန့်တော်မူ၏။
6. ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
7. သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။-
8. ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။-
9. သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
10. ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
11. ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
12. စည်းစိမ်ချမ်းသာနှင့်ပစ္စည်းဥစ္စာပေါများ ကြွယ်ဝမှုမှန်သမျှကိုကိုယ်တော်ရှင်ပေး တော်မူပါ၏။ ကိုယ်တော်ရှင်သည်အရာခပ် သိမ်းတို့ကိုခွန်အားစွမ်းရည်တန်ခိုးနှင့် အစိုးရတော်မူ၍ မည်သူ့ကိုမဆိုကြီး မြတ်၍သန်စွမ်းမှုကိုပေးတော်မူပါ၏။-
13. ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''