ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 28:8-17 Common Language Bible (BCL)

8. ``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

9. ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။

11. ဒါ​ဝိဒ်​သည်​ဗိ​မာန်​တော်​ဆိုင်​ရာ​အ​ဆောက် အ​အုံ​ရှိ​သ​မျှ​တို့​၏​ပုံ​စံ​များ​ကို​လည်း ကောင်း၊ ပစ္စည်း​သို​လှောင်​ရာ​မှ​စ​၍​အ​ခြား အ​ခန်း​အ​ပေါင်း​နှင့်​အ​ပြစ်​ဖြေ​လွှတ်​ရာ မြင့်​မြတ်​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​စံ​ကို လည်း​ကောင်း​ရှော​လ​မုန်​အား​ပေး​အပ်​တော် မူ​၏။-

12. မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-

13. ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-

14-16. မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။-

17. အ​မဲ​သား​ချိတ်​များ၊ ဖ​လား​များ၊ အိုး​များ အ​တွက်​ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​၍ ပန်း​ကန် များ​အ​တွက်​ငွေ​နှင့်​ရွှေ​မည်​မျှ​အ​သုံး​ပြု ရ​မည်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 28