ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 28:12-21 Common Language Bible (BCL)

12. မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-

13. ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-

14-16. မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။-

17. အ​မဲ​သား​ချိတ်​များ၊ ဖ​လား​များ၊ အိုး​များ အ​တွက်​ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​၍ ပန်း​ကန် များ​အ​တွက်​ငွေ​နှင့်​ရွှေ​မည်​မျှ​အ​သုံး​ပြု ရ​မည်၊-

18. နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​အ​တွက် နှင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို အ​တောင်​ဖြင့်​လွှမ်း​မိုး​ထား​သော ခေ​ရု​ဗိမ်​များ​က​သည့်​ရ​ထား​အ​တွက် ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန် ကြား​တော်​မူ​၏။-

19. ဒါ​ဝိဒ်​မင်း​က``ဤ​အ​ရာ​အား​လုံး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ငါ့​အား​ဆောင် ရွက်​ရန်​ညွှန်​ကြား​တော်​မူ​သည်​အ​တိုင်း​ရေး ဆွဲ​ထား​ခြင်း​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

20. ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-

21. ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 28