ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 28:1-10 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

2. ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။-

3. သို့​ရာ​တွင်​ငါ​သည်​စစ်​သည်​တစ်​ဦး​ဖြစ်​၍ များ​စွာ​သွေး​ထွက်​သံ​ယို​ဖြစ်​ပွား​စေ​ခဲ့ သ​ဖြင့် ငါ့​အား​ကိုယ်​တော်​က​မ​တည်​မ ဆောက်​ရ​ဟု​တား​မြစ်​တော်​မူ​၏။-

4. ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။-

5. ကိုယ်​တော်​သည်​ငါ့​အား​သား​များ​ထွန်း​ကား စေ​တော်​မူ​၍​ထို​သား​တို့​အ​နက်​ရှော​လ​မုန် ကို​ထာ​ဝ​ရ​ဘု​ရား​၏​နိုင်​ငံ​တည်း​ဟူ​သော ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ရန်​ရွေး​ချယ် တော်​မူ​၏။''

6. ``ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သင်​၏​သား ရှော​လ​မုန်​သည်​ငါ​၏​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရ​မည့်​သူ​ဖြစ်​၏။ သူ့​အား​ငါ​သည် ငါ​၏​သား​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​တော်​မူ ပြီ။ ငါ​သည်​လည်း​သူ​၏​အ​ဖ​ဖြစ်​လိမ့် မည်။-

7. သူ​သည်​ယ​ခု​တိုင်​ဆက်​လက်​၍​ငါ​၏ ပ​ညတ်​တို့​ကို​စောင့်​ထိန်း​ပါ​မူ ငါ​သည် သူ​၏​နိုင်​ငံ​ကို​ကာ​လ​အ​စဉ်​အ​ဆက် တည်​တံ့​စေ​တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။''

8. ``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

9. ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 28