ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 27:1-24 Common Language Bible (BCL)

1. ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။

2-15. တစ်​လ​စီ​တာ​ဝန်​ကျ​သည့်​တပ်​မ​ဟာ​မှူး​များ မှာ၊ပ​ထ​မ​လ​၌​ဇာ​ဗ​ဒေ​လ​၏​သား​ယာ​ရှော​ဗံ (သူ​သည်​ယု​ဒ​အ​နွယ်​ဝင်​ဖာ​ရက်​၏​သား​ချင်း စု​ဝင်​ဖြစ်​၏။)ဒု​တိ​ယ​လ​၌​အ​ဟော​ဟိ​၏​သား​မြေး​ဒေါ​ဒဲ။ (သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​မိ​က​လုပ်​ဖြစ်​၏။)တ​တိ​ယ​လ​၌​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ။ သူ​သည်​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ကျိပ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​သ​တည်း၊ (သူ​၏​သား​အ​မိ​ဇ​ဗဒ်​သည်​သူ​၏​ရာ​ထူး​ကို ဆက်​ခံ​ရ​ရှိ​၍​တပ်​မ​ဟာ​မှူး​ဖြစ်​လာ​၏။)စ​တုတ္ထ​လ​၌​ယွာ​ဘ​၏​ညီ၊ အာ​သ​ဟေ​လ (သူ​၏​သား​ဇေ​ဗ​ဒိ​သည်​ရာ​ထူး​ကို​ဆက်​ခံ ရ​ရှိ​၏။)ပဉ္စ​မ​လ​၌​ဣ​ဇ​ဟာ​၏​သား​မြေး​ရှံ​ဟုတ်။ဆ​ဋ္ဌ​မ​လ​၌​တေ​ကော​မြို့​မှ​ဣ​ကေ​ရှ​၏ သား​ဣ​ရ။သတ္တမ​လ​၌​ပေ​လာ​နိ​မြို့​မှ​ဧ​ဖ​ရိမ်​အ​နွယ် ဝင်​ဟေ​လက်။အ​ဋ္ဌ​မ​လ​၌​ဟု​ရှ​မြို့​မှ​သိ​ဗေ​ကဲ (သူ​သည် ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​မှ​ဖြစ်​၏။)န​ဝ​မ​လ​၌​အ​နေ​သော​သိ​မြို့​ဗင်္ယာ​မိန် အ​နွယ်​ဝင် ဒေ​သ​မှ​အ​ဗျေ​ဇာ။ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​မ​ဟာ​ရဲ (သူ​သည်​ဇာ​ရ​သား​ချင်း​စု​ဝင်​ဖြစ်​၏။)ဧ​က​ဒ​သ​မ​လ​၌​ပိ​ရ​သော​နိ​မြို့​မှ​ဧ​ဖ​ရိမ် အ​နွယ်​ဝင် ဒေ​သ​မှ​ဗေ​နာ​ယ။ဒွါ​ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​ဟေ​လ​ဒဲ (သူ​သည်​သြ​သ​နေ​လ​၏​သား​မြေး​ဖြစ်​၏။)

23. ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-

24. ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​သန်း​ခေါင်​စာ​ရင်း တစ်​ရပ်​စ​တင်​ကောက်​ယူ​ခဲ့​သော်​လည်း​အ​ပြီး မ​သတ်​ချေ။ ဤ​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​မှု အ​တွက်​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သို့​ဖြစ် ၍​ကောက်​ယူ​ရ​ရှိ​သည့်​နောက်​ဆုံး​ကိန်း​ဂ​ဏန်း များ​ကို​ဒါဝိဒ်​မင်း​၏​တ​ရား​ဝင်​မှတ်​တမ်း​များ တွင်​ရေး​မှတ်​ထား​ခြင်း​မ​ရှိ​ပေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 27