ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 26:30-32 Common Language Bible (BCL)

30. ဟေ​ဗြုန်​၏​သား​မြေး​တို့​အ​နက်​ဟာ​ရှ​ဘိ​နှင့် သူ​၏​ဆွေ​မျိုး​သား​ချင်း​တစ်​ထောင့်​ခု​နစ်​ရာ တို့​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး​နှင့်​မြို့​ပြ​ရေး ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို စီ​မံ​အုပ်​ချုပ်​ရန် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။ သူ​တို့​အား​လုံး ပင်​ထူး​ချွန်​သူ​များ​ဖြစ်​သ​တည်း။-

31. ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-

32. ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 26