ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 26:25-29 Common Language Bible (BCL)

25. သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။-

26. ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

27. သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-

28. ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။

29. ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 26