2. သူ့မှာဇာခရိ၊ ယေဒျေလ၊ ဇေဗဒိ၊ ယာသနေလ၊-
3. ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။
4-5. ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
6-7. သြဗဒေဒုံ၏သားဦးရှေမာယတွင်စွမ်းရည် ကြီးမားသဖြင့် မိမိတို့ဆွေမျိုးစု၌အရေး ပါအရာရောက်သည့်သားများရှိလေသည်။ သူ တို့၏နာမည်များမှာသြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလာဇာဗဒ်၊ ဧလိဟုနှင့်သေမခိ ဟူ၍ဖြစ်၏။ နောက်ဆုံးဖော်ပြသူနှစ်ဦးမှာ အထူးပင်အစွမ်းအစကောင်းသူများ ဖြစ်ကြ၏။
8. သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။
9. မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။
10-11. မေရာရိ၏အိမ်ထောင်စု၌ ဟောသဆိုသူတစ် ဦးရှိ၏။ သူ့မှာရှိမရိ၊ ဟိလခိ၊ တေဗလိ၊ ဇာခရိဟူ၍သားလေးယောက်ရှိ၏။ (ထိုသူ တို့အနက်ရှိမရိသည်သားဦးမဟုတ်သော် လည်းသူ၏ဖခင်ကခန့်ထားသဖြင့်ခေါင်း ဆောင်ဖြစ်လေ၏။) ဟောသ၏အိမ်ထောင်စုမှ ဗိမာန်တော်တပ်သားစုစုပေါင်းတစ်ဆယ့် သုံးယောက်ရသတည်း။
12. ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-
13. လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
14. ရှေလမိသည်အရှေ့တံခါးကိုရ၍ သူ၏သား ဇာခရိသည်မြောက်တံခါးကိုရလေသည်။ သူ သည်အစဉ်ပင်အကြံကောင်းဉာဏ်ကောင်းကို ပေးတတ်သူဖြစ်၏။-
15. သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။-
16. ရှုပိန်နှင့်ဟောသတို့သည်အနောက်တံခါးနှင့် အထက်လမ်းရှိ၊ ရှလ္လေခက်တံခါးတွင်တာဝန် ကျကြ၏။ အစောင့်တာဝန်ကိုတစ်ချိန်ပြီး တစ်ချိန် ခွဲခန့်သတ်မှတ်ထား၏။-