ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 26:2-14 Common Language Bible (BCL)

2. သူ့​မှာ​ဇာ​ခ​ရိ၊ ယေ​ဒျေ​လ၊ ဇေ​ဗ​ဒိ၊ ယာ​သ​နေ​လ၊-

3. ဧ​လံ၊ ယော​ဟ​နန်​နှင့်​ဧ​လဲ​သြ​နဲ​ဟူ​၍​ကြီး​စဉ် ငယ်​လိုက်​သား​ခု​နစ်​ယောက်​ရှိ​၏။

4-5. ရှေ​မာ​ယ၊ ယော​ဇ​ဗပ်၊ ယော​အာ၊ စာ​ကာ၊ နာ​သ နေ​လ၊ အ​မျေ​လ၊ ဣ​သ​ခါ၊ ပု​လ​သဲ​ဟူ​သော သား​ရှစ်​ယောက်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ကောင်း ချီး​ပေး​သူ​သြ​ဗ​ဒေ​ဒုံ​ဆို​သူ​လည်း​ရှိ​၏။

6-7. သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။

8. သြ​ဗ​ဒေ​ဒုံ​၏​အိမ်​ထောင်​စု​မှ​ဤ​အ​လုပ် တာ​ဝန်​အ​တွက် အ​ထူး​အ​ရည်​အ​ချင်း​နှင့် ပြည့်​စုံ​သူ​လူ​ခြောက်​ဆယ့်​နှစ်​ယောက်​ရ​ရှိ​၏။

9. မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။

10-11. မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။

12. ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။-

13. လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-

14. ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 26