ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 24:1-4 Common Language Bible (BCL)

1. အာ​ရုန်​၏​သား​မြေး​များ​မှ​ဆင်း​သက်​လာ သော​အုပ်​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-

2. နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​မိ​မိ​တို့​၏​အ​ဖ မ​ကွယ်​လွန်​မီ​သေ​သွား​ကြ​သ​ဖြင့် သူ​တို့​တွင် သား​မြေး​များ​မ​ကျန်​ရစ်။ သို့​ဖြစ်​၍​သူ​တို့ ၏​ညီ​များ​ဖြစ်​သော​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ သည်။-

3. ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။-

4. ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 24